ဤsiteတွင် ဖင်လန်နိုင်ငံ၏ လူနေမှုအဖွဲ့အစည်း၊ နေ့စဉ်ဘ၀ဖြတ်သန်းမှုအပါအ၀င် ဖင်လန်ဘာသာစကား၏ အခြေခံဝေါဟာရများနှင့် ပတ်သတ်သော အခြေခံသတင်းအချက်အလက်များကို လေ့လာလို့ရသွားမှာဖြစ်ပါတယ်။ ဤsiteကို ဖင်လန်နိုင်ငံသို့ လာရောက်မည့် ခွဲတမ်းဖြင့်သတ်မှတ်ထားသော ဒုက္ခသည်များအတွက် ရည်ညွှန်း၍ အထူးဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ပါတယ်။

>မြေပဲခွံထဲက ဖင်လန်နိုင်ငံ

မြေပဲခွံထဲက ဖင်လန်နိုင်ငံ

ဖင်လန်နိုင်ငံသည် ဆွီဒင်နိုင်ငံနှင့် ရုရှားနိုင်ငံ နှစ်နိုင်ငံကြား၊ မြောက်ဘက်တွင် နော်ဝေးနိုင်ငံ၊ တောင်ဘက်တွင် အက်စ်တိုးနီးယားနိုင်ငံတို့ဝန်းရံလျက်ရှိပါသည်။ ကမ္ဘာ့မြေပုံတွင် ဖင်လန်နိုင်ငံသည် မြောက်ဘက်အစွန်းပိုင်းတွင် တည်ရှိပါသည်။ ဆက်ဖတ်ရန်

အပြီးပြောင်းရွှေ့နေထိုင်ရန်အတွက် အသင့်ပြင်ဆင်ခြင်း

အပြီးပြောင်းရွှေ့နေထိုင်ရန်အတွက် အသင့်ပြင်ဆင်ခြင်း

ခွဲတမ်းဖြင့် သတ်မှတ်ထားသည့် ဒုက္ခသည်အနေဖြင့် သင့်အနေဖြင့် လျှောက်ထားသည့်အပေါ်တွင်မူတည်၍ သတ်မှတ်ထားသည့် ဒုက္ခသည်အဆင့်အတန်းကို ရရှိပါသည်။ ဆက်ဖတ်ရန်

ဖင်လန်နိုင်ငံသို့ လေယာဉ်ခရီး

ဖင်လန်နိုင်ငံသို့ လေယာဉ်ခရီး

ဖင်လန်နိုင်ငံသို့ လာရောက်နိုင်ရန်အတွက် လေကြောင်းခရီးဖြင့်သာ ရောက်ရှိနိုင်ပါသည်။ လေယာဉ်ကွင်းမှ စတင်ထွက်ခွာခြင်းဖြင့် အားလုံးစတင်ပါသည်။ လူတဦးချင်းစီအတွက် လေယာဉ်ပေါ်တွင် ကီလို ၂၀ မျှ အလေးချိန်ရှိသော ပစ္စည်းများကိုသာ သယ်ဆောင်နိုင်မည်ဖြစ်ပါသည်။ ဆက်ဖတ်ရန်


နေ့စဉ်ဘဝ

နေ့စဉ်ဘဝ

ခွဲတမ်းဖြင့် ရောက်ရှိလာသည့် ဒုက္ခသည်ဖြစ်ပါက သင်နှင့် သင်၏ မိသားစုအတွက် နေထိုင်ရမည့်မြို့ရွာများတွင် ငှားရမ်းနေထိုင်သည့်- အိမ် ရရှိရန်အခွင့်အရေးရှိပါသည်။ ငှားရမ်းနေထိုင်သည့်- အိမ် ၏ အကျယ်အ၀န်းနှင့် အခန်းအရေအတွက်မှာ နေထိုင်မည့်သူများ၏ အရေအတွက်နှင့် သက်ဆိုင်ပါသည်။ သို့သော်လည်း ငှားရမ်းနေထိုင်သည့်- အိမ်များတွင် အခြေခံလိုအပ်သော ပရိဘောဂများမှာ အတူတူပင် ဖြစ်ပါသည်။ ဆက်ဖတ်ရန်

ပညာရေး

ပညာရေး

ကျောင်တက်ရောက်သင်ကြားရမည့် အသက်အရွယ်မရောက်သေးသည့် ကလေးများအနေဖြင့် ဖင်လန်နိုင်ငံတွင် ကလေးထိန်းကျောင်းများနှင့် ပထမဆုံးပညာသင်ကြားရေး တွင် တက်ရောက်သင်ကြားကြလေ့ရှိပါသည်။ များသောအားဖြင့် မိဘနှစ်ဦးစလုံး အိမ်၏ ပြင်ပတွင် အလုပ်အကိုင်များ လုပ်ကိုင်ကြသောကြောင့် ဖြစ်ပါသည်။ မြို့ရွာတွင်နေထိုင်သူများအနေဖြင့် မိမိကလေးအတွက် ကလေးထိန်းကျောင်းတက်ရောက်ရန်အတွက် လျှောက်ထားရပါသည်။ ဆက်ဖတ်ရန်

လုပ်ငန်းခွင်ဘ၀ သို့

လုပ်ငန်းခွင်ဘ၀ သို့

ဖင်လန်နိုင်ငံသားတို့၏ လုပ်ငန်းခွင်ပါတ်ဝန်းကျင်တွင် အသုံးပြုသည့် ဘာသာစကားမှာ ဖင်လန်ဘာသာစကား ဖြစ်ကြောင်း သိရန် အလွန်ပင် အရေးကြီးပါသည်။ လုပ်ငန်းခွင်တွင် အင်္ဂလိပ်ဘာသာစကားဖြင့် ပြောကြားသည့် နေရာများမှာ အလွန်ပင် နည်းပါးပါသည်။ အလုပ်လုပ်ကိုင်နိုင်ရန်အတွက် သင့်အနေဖြင့် ဖင်လန်ဘာသာစကားကို သင်ကြားရမည် ဖြစ်ပါသည်။ ဆက်ဖတ်ရန်


ဖင်လန်နိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှု့နှင့် လူမှု့လုံခြုံရေး

ဖင်လန်နိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှု့နှင့် လူမှု့လုံခြုံရေး

ဖင်လန်နိုင်ငံသို့ ခွဲတမ်းဖြင့်ရောက်ရှိလာသည့် ဒုက္ခသည်များအား ဒေသဆိုင်ရာမြူနီစပါယ်မြို့များမှ မြို့သားများနည်းတူ ကျန်းမာရေးစောင့်ရှောက်မှု့များ ပေးအပ်ပါသည်။ မြို့ရွာများသို့ ရောက်ရှိလာသည့် ခွဲတမ်းစနစ်ဖြစ် သတ်မှတ်ထားသည့် ဒုက္ခသည်ဖြစ်သူနှင့် ဌင်း၏မိသားစုအဖွဲ့ဝင်များအား ကျန်းမာရေးစစ်ဆေးခြင်းများကို ပြုလုပ်ပေးပါသည်။ ဆက်ဖတ်ရန်