အပြီးပြောင်းရွှေ့နေထိုင်ရန်အတွက် အသင့်ပြင်ဆင်ခြင်း

အပြီးပြောင်းရွှေ့နေထိုင်ရန်အတွက် အသင့်ပြင်ဆင်ခြင်း

ခွဲတမ်းဖြင့် သတ်မှတ်ထားသည့် ဒုက္ခသည်အနေဖြင့် သင့်အနေဖြင့် လျှောက်ထားသည့်အပေါ်တွင်မူတည်၍ ...

ခရီးသွားခွင့်- သက်သေခံလက်မှတ်

သင့်ခရီးနှင့်အတူ သင့်ထံတွင်ရှိနေသော ခရီးသွားလာခွင့်လက်မှတ်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ ပါဝင်သည့် လက်မှတ်များအားလုံးကို တပါတည်းယူဆောင်ရန် သတိရရန် အလွန်အရေးအကြီးပါသည်။ ...

ကျောင်း- နှင့် အလုပ်ထောက်ခံစာများ

ပထမဆုံးအနေဖြင့် ကျောင်းပညာလိုအပ်မှု့နှင့် ပါတ်သက်ပြီး အစီအစဉ်ဆွဲသည့်တချိန်တည်းမှာပင် ...

ကျောင်းများ- နှင့် အလုပ်လျှောက်ထားရေး အစီအစဉ်

အလုပ်များရရှိရန်အတွက် နိုင်ငံပြောင်းရွှေ့အခြေချနေထိုင်သူအနေဖြင့် များသောအားဖြင့် ဖင်လန်နိုင်ငံတွင် ကျောင်းများဆက်လက် သင်ကြားရလေ့ရှိပါသည်။ ...

ဆရာဝန်သတ်မှတ်သည့် ဆေးများ

ကျန်းမာရေးသူနာပြုမှ ကျန်းမာရေးနှင့် ပါတ်သက်သည့် အကြောင်းအရာများကို မေးမြန်းစစ်ဆေးခြင်းအား ...

ပြောင်းရွှေ့နေထိုင်ရန်အတွက် စိတ်ပိုင်းဆိုင်ရာ အသင့်ပြင်ဆင်ခြင်း

နိုင်ငံပြောင်းရွှေ့အခြေချနေထိုင်သူအနေဖြင့် အရေးကြီးဆုံး အသင့်ပြင်ဆင်ရန်မှာ ဖြစ်နိုင်ချေရှိသည့် အခက်အခဲများကို ရင်ဆိုင်ရန် ပြင်ဆင်ခြင်း ဖြစ်ပါသည်။ ...




အပြီးပြောင်းရွှေ့နေထိုင်ရန်အတွက် အသင့်ပြင်ဆင်ခြင်း

ခွဲတမ်းဖြင့် သတ်မှတ်ထားသည့် ဒုက္ခသည်အနေဖြင့် သင့်အနေဖြင့် လျှောက်ထားသည့်အပေါ်တွင်မူတည်၍ သတ်မှတ်ထားသည့် ဒုက္ခသည်အဆင့်အတန်းကို ရရှိပါသည်။ အစဉ်အမြဲနေထိုင်သည့် နေထိုင်ခွင့်ပါမစ်နှင့် ဖင်လန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်သည့် အခွင့်အရေးလည်း ရရှိမည်ဖြစ့်ပါသည်။ အပြီးပြောင်းရွှေ့နေထိုင်ခြင်းနှင့် ထိုသို့ပြောင်းလဲနေထိုင်ခြင်း ဆိုသည့် အရွှေ့အပြောင်းကို မိသားစုဝင်များကြားတွင် ပြောဆိုဆွေးနွေးခြင်းမှာ အလွန်အရေးကြီးပါသည်။ ထို့အပြင်လည်း ခရီသွားလာရေးကို မိသားစုလိုက် အသင့်ပြင်ဆင်ကြရန် လိုအပ်ပါသည်။ ရှေ့ဆက်ရမည့် ခရီးတွင် ပါတ်ဝန်းကျင်အသစ်များ၊ လူသစ်များ ထိုလူများနှင့် နေရာသစ်များတွင် အမျိုးမျိုးသော ပုံသဏ္ဍာန်များနှင့် အမျိုးမျိုးသော အတွေ့အကြုံများနှင့်တွေ့ကြုံရမည်ဖြစ်ပြီး၊ ဌင်းတို့မှ သင့်အား ဘာသာစကားအသစ်ဖြင့် ပြောဆိုကြမည် ဖြစ်ပါသည်။


ခရီးသွားခွင့်- သက်သေခံလက်မှတ်

သင့်ခရီးနှင့်အတူ သင့်ထံတွင်ရှိနေသော ခရီးသွားလာခွင့်လက်မှတ်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ ပါဝင်သည့် လက်မှတ်များအားလုံးကို တပါတည်းယူဆောင်ရန် သတိရရန် အလွန်အရေးအကြီးပါသည်။ လက်မှတ်အစစ်များသည် မှတ်ပုံတင်ခြင်း ဖြတ်သန်းသည့်အဆင့်ဆင့်တွင် အလွန်အကူအညီပြုပြီး နောက်ပိုင်းတွင် ရရှိမည့် ခရီးသွားလက်မှတ် အသစ်ရရှိရန်အတွက်လည်း အထောက်အကူပြုပါသည်။


ကျောင်း- နှင့် အလုပ်ထောက်ခံစာများ

ပထမဆုံးအနေဖြင့် ကျောင်းပညာလိုအပ်မှု့နှင့် ပါတ်သက်ပြီး အစီအစဉ်ဆွဲသည့်တချိန်တည်းမှာပင် နိုင်ငံပြောင်းရွှေ့အခြေချနေထိုင်သူထံမှ ကျောင်းနှင့်ပါတ်သက်သည့် အောင်လက်မှတ်များနှင့် အလုပ်နှင့်သက်ဆိုင်သည့် ထောက်ခံစာလက်မှတ်များကို မေးမြန်းစုံစမ်းကြပါသည်။ ထိုကြောင့် နိုင်ငံပြောင်းရွှေ့အခြေချနေထိုင်သူများသည် ထွက်ခွာလာသည့် နိုင်ငံတွင် သင်ကြားတတ်မြောက်ထားသည့် ကျောင်းများနှင့် အောင်လက်မှတ်များ၊ အလုပ်နှင့် သက်ဆိုင်သည့် မူရင်းထောက်ခံစာများကို ဖင်လန်နိုင်ငံသို့ ယူဆောင်လာရန် လိုအပ်ပါသည်။ ထောက်ခံစာလက်မှတ်များအား အစစ်အမှန်ဖြစ်ကြောင်း သက်သေပြနိုင်ရန်လည်း အရေးကြီးပါသည်။ ထိုကြောင့်အခွင့်အလမ်းများရှိပါက အင်္ဂလိပ်ဘာသာဖြင့် ဘာသာပြန်ထားပြီး အသိအမှတ်ပြုခံရသည့် ရှေ့နေများဖြင့် အစစ်အမှန်ဖြစ်ကြောင်း ထောက်ခံစာများပါ ထွက်ခွာလာသည့် နိုင်ငံတွင် ပြုလုပ်ထားပါက အကောင်းဆုံးဖြစ်ပါသည်။

ထောက်ခံစာလက်မှတ်များ ရှိနေခြင်း အရေးကြီးသည့်အချက်မှာ ဖင်လန်နိုင်ငံတွင်းတွင် မဟုတ်ဘဲ ပြင်ပနိုင်ငံများတွင် သင်ကြားလာသည့် အောင်လက်မှတ်များ၊ ပညာသင်ကြားမှု့များ နှင့် အလုပ်အတွေ့အကြုံများကို အခြေခံ၍ ပညာဆက်လက်သင်ကြားခြင်း၊ ဖြည့်စည်းခြင်းတို့ကို ဖင်လန်နိုင်ငံတွင် ပြုလုပ်နိုင်အတွက် အစီအစဉ်ရေးဆွဲနိုင်ရန်ဖြစ်ပါသည်။ ထို့အပြင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန်အတွက် ထောက်ခံစာများ အောင်လက်မှတ်များသည် အကူအညီ ရရှိနိုင်ပါသည်။

ကျောင်းများ- နှင့် အလုပ်လျှောက်ထားရေး အစီအစဉ်

အလုပ်များရရှိရန်အတွက် နိုင်ငံပြောင်းရွှေ့အခြေချနေထိုင်သူအနေဖြင့် များသောအားဖြင့် ဖင်လန်နိုင်ငံတွင် ကျောင်းများဆက်လက် သင်ကြားရလေ့ရှိပါသည်။ မိမိကိုယ် မိမိသေချာစေရန်အတွက် သင့်လျှော်သော ကျောင်းများကို ဆက်လက်သင်ကြားရန်အတွက် ဖင်လန်နိုင်ငံတွင် လက်ရှိ အနေအထားကို သေသေချာချာ သုံးသပ်ပြီး ပထမဆုံးအနေဖြင့် ကျောင်းများ သင်ကြားမှု့ရနိုင်အတွက် နှင့် အလုပ်လုပ်ကို်င်ရန်အတွက်လည်း အစီအစဉ်များ ရေးဆွဲကြပါသည်။ ထိုကြောင့် သင့်အနေဖြင့် သင်၏ ကိုယ်ပိုင်အစီအစဉ်ကို ရေးသားထားပြီး မည်သည့်နေရာ၊ မည်သည့်အချိန်၊ မည်သည့်ဘာသာရပ်ကို သင်ကြားထားခဲ့ကြောင်း ရေးသားထားသင့်ပါသည်။ မည်သည့် အောင်လက်မှတ်များကို သင့်အနေဖြင့် သင်ကြားတတ်မြောက်ထားပြီး၊ မည်သည့်အလုပ်မျိုးကို လုပ်ဆောင်ခဲ့ကြောင်းလည်း ဖြစ်ပါသည်။ ထို့အပြင် မည်သည့်အလုပ်မျိုးကို လုပ်ဆောင်ခဲ့ပြီး၊ မည်သည့် ကိစ္စရပ်မျိုးတွင် ပိုမိုကျွမ်းကျင်ကြောင်းနှင့် အလုပ်အတွေ့အကြုံများကိုလည်း သင်၏ အစီအစဉ်တွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ရာဇ၀င်များအဖြစ် အဆင်သင့် ရေးသားထားသင့်ပါသည်။ ထို့အပြင် အင်တာနက် စာမျက်နှာများတွင် မည်ကဲ့သို့ ပုဂ္ဂိုလ်ရေး ရာဇ၀င် ရေးသားရမည်ကိုလည်း လမ်းညွှန်ထားပါသည်။

ဖင်လန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ပြီး မကြာခင်ကာလအတွင်းမှာပင် ကလေးငယ်များသည် နိုင်ငံပြောင်းရွှေ့အခြေချနေထိုင်သူများအတွက် ဖွင့်လှစ်ထားသည့် အခြေခံပညာကျောင်းများသို့ တက်ရောက်ပညာသင်ကြားခွင့် ရရှိကြပါသည်။ မိဘများအနေဖြင့် ကလေးများ ကျောင်းအသစ် ပါတ်ဝန်းကျင်အသစ်နှင့် တွေ့ဆုံရမည့်အခြေအနေများကို ရင်ဆိုင်ရမည့် အခြေအနေများအပေါ်တွင် အသင့်ပြင်ဆင်ပေးထားပါက ပိုမိုကောင်းမွန်နိုင်ပါသည်။ ထိုကျောင်းများတွင် ကိုယ်တိုင်သင်ကြားနိုင်သည့် အခြေခံသင်ကြားမှု့ အထောက်အကူပြု အသိပေးမှု့များနှင့် လိုအပ်ချက်တို့ကို ကျောင်းတွင် သင်ကြားမှု့များ ပြုလုပ်ပေးမည် ဖြစ်ပါသည်။ ထို့အပြင်လည်းပဲ ဖင်လန်နိုင်ငံသားတို့၏ ကျောင်းများတွင် အခြားသော အင်တာနက်- စာမျက်နှာများမှ အချက်အလက် အသိပေးခြင်းများလည်း ပြုလုပ်ပေးလေ့ရှိပါသည်။ (ပညာပေးအစီအစဉ်များပါဝင်သည့် အင်တာနက် စာမျက်နှာများ)

ဆရာဝန်သတ်မှတ်သည့် ဆေးများ

ကျန်းမာရေးသူနာပြုမှ ကျန်းမာရေးနှင့် ပါတ်သက်သည့် အကြောင်းအရာများကို မေးမြန်းစစ်ဆေးခြင်းအား နိုင်ငံပြောင်းရွှေ့အခြေချသူများနှင့် ပြုလုပ်လေ့ရှိပါသည်။ ထိုသို့ ပြုလုပ်ရာတွင် ဥပမာအားဖြင့် အစောပိုင်းကာလများက ဖြစ်ခဲ့သည့် ရောဂါများ၊ သုံးစွဲရသည့် ဆေးများနှင့် ကာကွယ်ဆေးရရှိမှု့များ ဖြစ်ပါသည်။ ထို့ကြောင့် ထွက်ခွာလာသည့် နိုင်ငံမှ ဆေးထောက်ခံစာ စာရွက်များ၊ ဆရာဝန်များ၏ ပြောဆိုချက်များ နှင့် အခွင့်အလမ်းရှိပါက ကာကွယ်ဆေးထိုးထားသည့် သက်သေခံလက်မှတ်များ ယူဆောင်လာရန် အရေးကြီးပါသည်။ ထိုကဲ့သို့ အထောက်အထားများ ရှိပါက ကုသခံယူမှု့များရရှိရန် ပိုမိုလွယ်ကူမြန်ဆန်စေပြီး၊ မှန်ကန်သောဆေးဝါးများကို သင်နေထိုင်သည့် နေရာတွင် ရရှိနိုင်ရန် အထောက်အကူပြုပါသည်။ ထို့အပြင်လည်းပဲ အခွင့်အလမ်းများရှိပါက မဖြစ်မနေသုံးဆောင်ရမည့် ဆေးဝါးများကို တလစာအတွက် ယူဆောင်လာသင့်ပါသည်။


ပြောင်းရွှေ့နေထိုင်ရန်အတွက် စိတ်ပိုင်းဆိုင်ရာ အသင့်ပြင်ဆင်ခြင်း

နိုင်ငံပြောင်းရွှေ့အခြေချနေထိုင်သူအနေဖြင့် အရေးကြီးဆုံး အသင့်ပြင်ဆင်ရန်မှာ ဖြစ်နိုင်ချေရှိသည့် အခက်အခဲများကို ရင်ဆိုင်ရန် ပြင်ဆင်ခြင်း ဖြစ်ပါသည်။ ထိုအခက်အခဲများမှာ ဌင်းနှင့် ဌင်းမိသားစုများအနေဖြင့် နေရာသစ်၊ ပါတ်ဝန်းကျင်သစ်တွင် ရင်ဆိုင်ရမည့်အရေးကို ပြင်ဆင်ခြင်းပင် ဖြစ်ပါသည်။

အသစ် အသစ်များကို နိုင်ငံအအသစ်တွင် စတင်ရာတွင် အခွင့်အလမ်းအသစ်များနှင့် အားလုံးအသစ်များကို သင်ကြားရမည် ဖြစ်သည့်အပြင်၊ လုပ်ဆောင်နိုင်ခြင်းနှင့် အောင်မြင်ခြင်းများလည်း ရရှိနိုင်ရန်ဖြစ်ပါသည်။ အစပိုင်းတွင် မိသားစုဝင်များအားလုံးတွင် အသစ်များကို သင်ကြားရမည်ဖြစ်ပြီး၊ အရာရာကို ကျော်လွှားနိုင်ရန် အရေးကြီးပါသည်။ ကလေးများသည် ကျောင်းတွင် ပညာသင်ကြားရမည်ဖြစ်ပြီး မိဘများအနေဖြင့် အခြေချနေထိုင်ရေးအတွက် ဖွင့်လှစ်ထားသည့် ကျောင်းများသို့ တက်ရောက် သင်ကြားရမည် ဖြစ်ပါသည်။ လူတိုင်းသည် ဖင်လန်ဘာသာစကားကို သင်ကြားရမည် ဖြစ်ပါသည်။ မိသားစုအနေဖြင့် လူသစ်များနှင့် ပါတ်ဝန်းကျင်အသစ်များကို မိတ်ဆက်ရင်းနှီးရန်လည်း ပြုလုပ်ကြရပါမည်။

ပါတ်ဝန်းကျင်အသစ်ကြောင့် မတူညီသော လုပ်ကိုင်ဆောင်ရွက်ပုံများကို မိသားစုတိုင်း ပုံစံအမျိုးမျိုးဖြင့် ကြုံတွေ့ရမည်ဖြစ်ပြီး၊ မိသားစုအဖွဲ့ဝင်များတွင်လည်း ပုံစံအမျိုးမျိုးကွဲပြားခြင်း ဖြစ်နိုင်ပါသည်။ မိသားစုအဖွဲ့ဝင်များ၊ မိဘများနှင့် ကလေးများအားလုံးသည် ဘာသာစကား အသစ်နှင့် လက်တွေ့ ကျင့်ကြံပြုမူရမည့် ပုံစံများကို သင်ယူရသည့် အခြေအနေသို့ ရောက်ရှိကြုံတွေ့ရမည် ဖြစ်ပြီး၊ များသောအားဖြင့် ကလေးငယ်များမှာ ဘာသာစကားကို ဌင်းတို့၏ မိဘများထက် ပိုမိုလျှင်မြန်စွာ သင်ကြားတတ်မြောက်ကြမည် ဖြစ်ပါသည်။ ကလေးများသည့် အိမ်၏ ပြင်ပကိစ္စရပ်များတွင် မိဘများထက်ပင် ပိုမိုကျွမ်းကျင်စွာ ပြုမူဆောင်ရွက်နိုင်သည့် အနေအထားမျိုးနှင့် ကြုံတွေ့ရနိုင်ပါသည်။ ထိုကြောင့် ကလေးများ၏ နေရာမှာ မိသားစုထဲတွင် ပြောင်းလဲခြင်းများလည်း ဖြစ်နိုင်ပါသည်။

ဖင်လန်နိုင်ငံတွင် အမျိုးသမီးများသည် ပညာသင်ကြားခြင်းအပြင် အိမ်၏ ပြင်ပတွင်လည်း အလုပ်များကို ပိုမိုကြိုးစားလုပ်ကိုင်လေ့ ရှိကြပါသည်။ နိုင်ငံပြောင်းရွှေ့အခြေချနေထိုင်သူ အမျိုးသမီးအနေဖြင့် ပညာသင်ကြားခြင်းနှင့် အလုပ်များလုပ်ကိုင်ခြင်းကြောင့် မိသားစုထဲတွင် အစောပိုင်းက အခြေအနေများနှင့် မတူတော့ဘဲ မိသားစုထဲတွင်လည်း အပြောင်းအလဲများ ရှိလာနိုင်ပါသည်။ ထို့ကြောင့်မိသားစုမှ မိဘများအနေဖြင့် မိမိတို့၏ အခက်အခဲစိမ်ခေါ်မှု့များကြောင့် ကလေးများ ကြုံတွေ့ရမည့် အခက်အခဲများကို မကူညီနိုင်သည့် အခြေအနေများလည်း ကြုံတွေ့ရနိုင်ပါသည်။ မိသားစုတွင် အခက်အခဲများပေါ်ပေါက်လာပါက ဥပမာအားဖြင့် လူမှု့ဝန်ထမ်းတာဝန်ရှိသူများနှင့် ယုံကြည်စိတ်ချစွာဖြင့် ပြောဆိုဆွေးနွေး တိုင်ပင် အကူအညီများ တောင်းခံနိုင်ပါသည်။ အခြေအနေများကို ပွင့်ပွင့်လင်းလင်းပြောဆို အသိပေးခြင်းဖြင့် ပြင်ပမှ မိတ်ဆွေများ၏ အကူအညီများ အကြံညဏ်များရယူကာ ပြောင်းရွှေ့နေထိုင်ရသည့် အခြေအနေများကြောင့် ဖြစ်ပေါ်လာနိုင်သည့် အငြင်းပွားဖွယ် ကိစ္စရပ်များကိုလည်း ဖြေရှင်းနိုင်ပါသည်။

အသိပညာပေးမှု့များကို သိရှိရန်မှာလည်း အရေးကြီးပါသည်။ ယဉ်ကျေးမှု့အသစ်များအား ရင်ဆိုင်ကြုံတွေ့ရသည်မှာ များသောအားဖြင့် ပြင်းထန်သော စိတ်ခံစားဖိစီးမှု့များနှင့် အစပိုင်းတွင် ကြုံတွေ့ရနိုင်ပြီး၊ အဆင်ပြေချောမွေ့ရန်လည်း ခက်ခဲမှု့များ ရှိနိုင်ပါသည်။ တခါတရံတွင် နိုင်ငံပြောင်းရွှေ့နေထိုင်သူများအနေဖြင့် ဖင်လန်နိုင်ငံတွင် လုံခြုံစိတ်ချရပြီး ကောင်းမွန်စွာနေထိုင်ရသည်ဟု ခံစားမှု့များ ဖြစ်ပေါ်နိုင်ပါသည်။ တခါတရံတွင် ဆွေမျိုးကင်းမဲ့ခြင်း၊ ဘ၀အတွေ့အကြုံသစ်များ၊ နေရာသစ်များ နှင့် ဘာသာရေးကိုးကွယ်မှု့ ကွဲပြားမှု့များကြောင့် အထီးကျန်ဆန်ခြင်းနှင့် အိမ်လွမ်းခြင်း စသည့် ခံစားမှု့များလည်း ကြုံတွေ့ရနိုင်ပါသည်။ အဆင်ပြေချောမွေ့မှု့များနှင့် သက်ဆိုင်သည့် စိတ်ပိုင်းဆိုင်ရာ ခံစားမှု့ အခက်အခဲများကိုလည်း ကျန်းမာရေးဆိုင်ရာ သူနာပြု၊ ဆရာဝန် သို့မဟုတ် လူမှု့ဝန်ထမ်းဌာန တာဝန်ရှိသူများနှင့် ယုံကြည်စိတ်ချစွာ ပြောဆိုတိုင်ပင် ဆွေးနွေးအကူအညီများ ရယူနိုင်ပါသည်။ ထို့အပြင်လည်း ခင်မင်ရင်းနှီးသည့် မိတ်ဆွေ၊ သူငယ်ချင်း နိုင်ငံပြောင်းရွှေ့အခြေချသူများနှင့် တိုင်ပင်ဆွေးနွေးကာ အတွေ့အကြုံများဖလှယ်ခြင်း၊ အကူအညီတောင်းခြင်းများ ပြုလုပ်၍ ဖြေသိမ့်ကုစားခြင်း ပြုလုပ်နိုင်ပါသည်။ စိတ်ခံစားမှု့များကို မသိကျေးကျွန်ပြုထား၍ မရချေ၊ သို့သော်လည်း မိမိအခြေအနေကို တင်ပြပြောဆိုမှသာလျှင် အကူအညီများ ပေးအပ်နိုင်မည် ဖြစ်ပါသည်။

မိမိရည်မှန်းထားသည့် ယုံကြည်ချက်၊ မျှော်မှန်းချက်တို့ ပြည့်စုံအောင်မြင်နိုင်ရန်အတွက် နေရာသစ်၊ ပါတ်ဝန်းကျင်သစ်၊ နိုင်ငံအသစ်တွင် နိုင်ငံပြောင်းရွှေ့အခြေချနေထိုင်သူများအနေဖြင့် အလွန်ပင်ကြိုးစားအားထုတ်၍ အလုပ်များ ပိုမိုလုပ်ကိုင်၇န် လိုအပ်ပါသည်။ အောင်မြင်မှု့ ရရှိစေရန်အတွက် အကူအညီဖြစ်စေရန်မှာ ကိုယ်ပိုင်သင်ကြားမည့် ဘာသာရပ်များနှင့် အလုပ်နှင့် သက်ဆိုင်သည့် အစီအစဉ်များကို လက်တွေ့ဘ၀နှင့် ကိုက်ညီစွာ ရေးဆွဲကြရန်ဖြစ်ပါသည်။ အစီအစဉ်များရေးဆွဲခြင်းနှင့် လျှောက်ထားခြင်းများကို ပြုလုပ်နိုင်ရန်အတွက် အလုပ်သမားဌာနမှ အကြံပေးနိုင်သူဝန်ထမ်းများနှင့် လူမှု့ဝန်ထမ်းဌာနမှ တာဝန်ရှိသူများထံတွင် အကူအညီများ တောင်းခံနိုင်ပါသည်။

ယခုစာမျက်နှာတွင် ပါဝင်သောအကြောင်းအရာများကို အောက်ဖေါ်ပြပါ အင်တာနက် စာမျက်နှာတွင် PDF ပုံစံဖြင့် ဖတ်ရှု့နိုင်ပါသည်။